မဟာအောင်မြေ မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင် ဆင်စုဖွဲ့ဆောင်ရွက် ထားရှိမှုအား ယနေ့မွန်းလွဲ(၁)နာရီအချိန်က မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနသို့ တာဝန်ရှိသူများက လာရောက်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသင့်စုဖွဲ့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး ဆွေလွင်အောင်၊ ရဲမှူးဝင်းကျော်အောင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးညွန့်ဝင်းအောင်တို့ ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သဘာဝဘေးကျရောက်ပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင် ပြင်ဆင်စုဖွဲ့ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးက အသေးစိတ်ရှင်းလင်းပြသခဲ့ကာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း