(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၅

ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊  အမျိုးသားရေးစိတ်ဓာတ်ဆောင်းပါး၊  အမျိုးသားနေ့ မမေ့အပ်ရာကဗျာ၊ (၁၀၂)နှစ်မြေက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော အေးအတူပူအမျှ မိန့်ခွန်းကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦးတို့၏ အမည်များ  စသည့်အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ကျောင်းသားလူငယ်များနှင့် ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)