နွားထိုးကြီး ဒီဇင်ဘာ ၂
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနုအေးက ကျောင်းသား/သူလူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီရှိရေး၊ ယဉ်ကျေးသိမ်မွေ့သော လူငယ်များ လူငယ်များဖြစ်လာစေရေး၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးစေရေး၊ အချိန်ကိုစီမံခန့်ခွဲ တက်သူများဖြစ်စေရေး၊ စာဖက်ခြင်းဖြင့်အသိပညာမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးကာ လူငယ်တို့၏ အနာဂတ်ဘဝပိုမိုမြင့်မားလာရေး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်သည့် လူငယ်များဖြစ်လာစေရေး စသည့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ လူငယ်ရေးရာရာအသိပညာပေးဟောပြောပွဲသို့ တက်ရောလာသော ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်