စစ်ကိုင်းမြို့၌ မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းကို စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ငလျင်ကယ်ဆယ်ရေးစခန်း (စကုမှော်) တွင် (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။