စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးကြောင်း သိရသည်။

ခန္တီးမြို့၌ ဒုတိယအကြိမ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆို

၂၀၂‌၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယအကြိမ်ပြန်လည်ဖြေဆိုခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့‌တွင် ယနေ့နံနက် (၉) နာရီအချိန်မှစ၍ အ‌ခြေခံပညာအထက်တန်းကျောင်း (ခန္တီး) စာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာကော်မတီနှင့် OPK CLUB တို့ ပူးပေါင်း၍ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၄)နာရီအချိန်က စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ သူရ-၄ အသင်းက စည်သူ-၁ အသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် အေးချမ်းစွာစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁) စာစစ်ဌာန၌ မြန်မာ စာဘာသာရပ်ကို အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် “ လှေကားထစ်များ ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

တမူးမြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်က စော်ဘွား (၁၁) ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ပန်းကြယ်သီးထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ကျောင်းသားကျောင်းသူများနှင့်ဒေသတွင်းရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေးသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပန်းကြယ်သီးထိုးနည်းသင်တန်းကို ဇွန် ၁၃ ရက်မှ ၁၅ ရက်ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ ပုလဲရတုအခမ်းအနား မုံရွာမြို့တွင်ကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့ ပုလဲရတုအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက စစ်ကိုင်းတိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် အမှတ် (၂၅) အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းကာ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်း မွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

တမူးမြို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီအချိန်က စော်ဘွား(၁၁)ရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး