ကျွန်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကျွန်းလှ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဖူဆယ်ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြှင့်မားစေရန်၊ ဌာနအချင်းချင်းရင်းနှီးမှုစေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံ ဖူ‌ဆယ်ဘောလုံးပြိုင်ပွဲကို ရွှေကျွန်းမြေမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း (၉) သင်း၊ အမျိုးသမီးအသင်း (၆) သင်း အားကစားသမား (၁၈၀) ဦးဖြင့် ဒီဇင်ဘာ (၁၈) ရက်မှ (၂၃) ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းထံမှ သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးယှဉ်ပြိုင်နေခြင်းကို ဌာဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ