မုံရွာမြို့၌  မဲရုံပေါင်း ၈၉ ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးစုစုပေါင်း ၁၇၈ ဦးအား ခန့်အပ်တာဝန်ပေးထား

မုံရွာ  ဒီဇင်ဘာ ၁၉

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များခန့်အပ်တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနကပိုင်းက မုံရွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဦးစွာ မုံရွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာမဲရုံအလိုက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာများကိုပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံယူသည်။

ဆက်လက်ပြီး နည်းပညာအထောက်အကူပြုအဖွဲ့များက တက်ရောက်လာကြသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ကိုင်သွယ်အသုံးပြုပုံအင့်ဆင့်အား ပြန်လည် ရှင်းလင်းပြသခြင်းကို လက်တွေ့ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မုံရွာမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများတွင်  မဲရုံပေါင်း ၈၉ ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးစုစုပေါင်း ၁၇၈ ဦးအား ခန့်အပ်လွှာများပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)