ယင်းမာပင် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်ရေးဌာနတွင် ပြည်သူလူထုအခြေပြု ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးမှူး ဦးလှိုင်မင်းသန်းနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ နှင့်ကျေးရွာများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၁) နှစ်အတွင်းရှိ မိန်ကလေးများအား ထိုးနှံပေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြပြီး မိန်းကလေးငယ်(၆၈)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)