စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ မဟာဇောတိကာရာမကျောင်း တိုက်ကြီးရှိ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်နှင့် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြသူများအား စားသောက်ဖွယ်များပေးအပ်

မုံရွာ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ မဟာဇောတိကာရာမ ကျောင်းတိုက်ကြီး ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ‌ လျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ခုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့်ဆရာဝန်ကြီးများက ဆေးကုသမှုခံယူနေကြသည့်လူနာများ၏ ကုသရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် ဆေးရုံအုပ်ကြီးတို့က ဆေးကုသမှုခံယူနေကြသည့် ဆရာတော်၊သံဃာတော်များ နှင့်ဒေသခံပြည်သူများအား အဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ကာ  အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်