မုံရွာ ဒီဇင်ဘာ ၁၈
မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ တောင်သူ(၇၀)ဦး၏ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့်အပေါ် ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမပြည့်မီရခြင်း အကြောင်းအရာများ စစ်တမ်းကောက်ယူခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီက မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
ဦးစွာ စိုက်ပျိုးဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် အခြေခံအချက်များကိုလည်းကောင်း၊ မုံရွာမြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က စစ်တမ်းကောက်ယူမှု အခြေအနေများအကြောင်းကိုလည်းကောင်း တက်ရောက်လာသော တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာမြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက တက်ရောက်လာသော တောင်သူများ၏ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံများ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမပြည့်မီရခြင်း အကြောင်းအရာများအား မေးမြန်းစစ်တမ်းကောက်ယူခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)