စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ်၊ (၂၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ်၊ (၂၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးပြီး ဌာနဆိုင်ရာများစုပေါင်း ၍ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၀င်ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကျွန်းလှ၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းမြစ် အိုးဘိုတောင် ၁၀ ပေါက်တွဲရေတံခါးရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေး တာတမံရှိ ရေသွင်း/ရေထုတ်တံခါးများ ကြံ့ခိုင်မှုများ ဆောင်ရွက်ထားရှိမှု၊ ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရေထိန်းတာဘောင်များ ဘဏ္ဍာနှစ်အလိုက် ကြံ့ခိုင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် အင်း/အိုင်များအတွင်း ရေဝင်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီက အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိစေ‌ရေး နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မုံရွာတက္ကသိုလ်တွင် (၇၈) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်​ဟော​ပြောပွဲ၊ စာစီစာကုံးနှင့်ဆောင်းပါး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်​ ဟော​ပြောပွဲ၊ စာစီစာကုံးနှင့်​ဆောင်းပါး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယ​နေ့ နံနက်၁၀ နာရီ ကကျင်းပရာ မုံရွာတက္ကသိုလ်​ ဒုတိယပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာစန်းစန်းအေး၊ ပါမောက္ခ (ဌာနမှူး) များ ကထိက၊ ဌာနမှူးများ၊ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမများ ကျောင်းသား/​ကျောင်းသူများ တက်​​ရောက်ခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် လယ်ယာမြေဧက ၁၀၀ ကို စက်မှုလယ်ယာမြေအဖြစ်ဖော်ထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု ညောင်ပင်ကြီး ကျေးရွာ၌ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို စက်မှုလယ်ယာမြေအဖြစ် ဧက ၁၀၀ ကို ဖော်ထုတ်မည်ဖြစ်ရာ ဇွန်လကုန်ပိုင်းက မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ဒေသခံတောင်သူ လယ်တစ်ကွက်နှင့်တစ်ကွက်ကလည်းဆက်နေပြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်၌ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်နည်း အသိပညာပေးသရုပ်ပြခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်နည်း အသိပညာပေးသရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထန်ပါခွေမြို့၌ မျိုးစေ့ပျိုးပင်များ ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ နာဂဒေသဖွံ့ဖြိုး တိုးတက်စေရန် မျိုးစေ့ပျိုးပင်များ၊ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ၊ လဟယ်မြို့၌ (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စု‌ပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၊ (၉)နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဗဟိုကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး