ကလေးဝ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့က စားသုံးရန်မသင့်သော စားသုံးကုန်ပစ္စည်းများအကြောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများပုံအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တာတာဝင်းက အသိပညာပေးဟောပြောပွဲများပြုလုပ်ပေး၍ ပညာရေးဌာနကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်