စစ်ကိုင်းမြို့နယ်တွင် VDP စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာများအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း ဇန်နဝါရီ ၂၂

စစ်ကိုင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း VDP စီမံကိန်းလုပ်ငန်းများ ဖြစ်သည့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုနှင့် အင်ဂျီနီယာအဖွဲ့များမှ ယမန်နေ့ နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း VDP စီမံကိန်းဖြင့် ကျောက်တာကျေးရွာ အရှည် ၁၂၀၀ ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်လမ်း အား နိုင်ငံတော်မတည်ငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၉.၆၆ သန်း စုစုပေါင်းကျပ် ၂၄.၆၆ သန်း ဖြင့်လည်းကောင်း၊ ရေခါးကျေးရွာတွင် အရှည် ၆၅၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မရှိ ကွန်ကရစ်လမ်းအား နိုင်ငံတော်မတည်ငွေကျပ် ၁၅သန်း၊ ပြည်သူထည့် ဝင်ငွေကျပ် ၉.၆၆သန်း စုစုပေါင်း ကျပ်၂၄.၆၆သန်း ဖြင့်လည်းကောင်း၊ တောင်ညိုကျေးရွာ တွင် အရှည် ၆၄၂ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆ လက်မရှိ ကွန်ကရစ်လမ်းအား နိုင်ငံတော်မတည်ငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၉.၆၆ သန်း စုစုပေါင်းကျပ် ၂၄.၆၆ သန်း ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နေလင်းအောင် (ပြန်/ဆက်)