ရွှေဘို ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ၊ အသိပညာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်ကြောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိ ဒေါ်သူဇာလင်းက၊ ကမ္ဘာ့လေထုအဓိပ္ပယ်နှင့် ပါဝင်သော ဓါတ်ငွေ့များ၊ လေထုညစ် ညမ်းမှုအပေါ်ထိခိုက်မှု၊ ဝန်းကျင်လေထုညစ်ညမ်းမှုကို လျှော့ချနိုင်သည့်နည်းလမ်းများ၊ လေထုညစ်ညမ်းစေသည့်အရာများနှင့် ညစ်ညမ်းမှုအမျိုးအစားများ၊ ကျန်းမာရေးထိခိုက်မှုများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသရာ စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)