မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းဖွင့်လှစ်

ယင်းမာပင် ဇန်နဝါရီ ၂၂

ဆားလင်းကြီးမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅  ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့နံနက် ၉ နာရီအချိန်က ဆားလင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကြေးနီ)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းကိုက အမှာစကားပြောကြားရာတွင် ဆာလင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမည် ဖြစ်‌ပါကြောင်း၊ သင်တန်းပို့ချချက်များသည် လက်‌‌တွေ့ဆောင်ရွက်ရာတွင် အခက်အခဲမရှိ အဆင်ပြေ ချောမွေ့နိုင်မည် ဖြစ်ပါကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တာဝန်ရှိသူများက သင်တန်းကိုဆက်လက်ပို့ချရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ တာဝန်နှင့်လုပ်ပိုင်ခွင်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ MMP စနစ်၊ ရပ်/ကျေးလုပ်ငန်း လမ်းညွှန်နှင့်မဲစာရင်းပြုစုခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲရုံသရုပ်ပြခြင်း၊ ရွေးကောက်ပွဲပြစ်မှု၊ ပြစ်ဒဏ်၊ ရွေးကောက်ပွဲကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့လုပ်ငန်းလမ်းညွှန်၊ MEVM စက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာနည်းလမ်းများ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ပုံစံများဖြည့်သွင်းခြင်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)