ကန့်ဘလူ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့်( ၁၆)ခု တင်ဆံ့ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဇန်နဝါရီ ၂၁ ရက်နံနက် ၇ နာရီခွဲက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ အခမဲ့စမ်းသပ်စစ် ဆေး ဆောင်ရွက်ပေးသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကန့်ဘလူမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဇင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ (၁၆) ခု တင်ဆံ့တိုင်းရင်းဆေးရုံအုပ် ဒေါ်သန်းသန်းလတ်နှင့်ဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်း စားနိုင်ငံ့ဝန်ထမ်းများအား သွေးပေါင်ချိန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ခါးနာ၊ ဒူးနာ စသည့် အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးကုသပေးခြင်း၊ ရောဂါဝေဒနာရှင်အလိုက် ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်းဝင်းငြိမ်း (ကန့်ဘလူ)