ကလေးဝ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့က စားသုံးရန်မသင့်သော စားသုံးကုန်ပစ္စည်းများအကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများပုံံအကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများပုံအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တာတာဝင်းက အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေး၍ ပညာရေးဌာနကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)