ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကလေးဝ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကလေးဝမြို့မရဲစခန်း ယာယီရဲမှူး အေးမင်းစိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်ဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

 ထိုနောက် အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက မူးယစ်ဆေးဝါများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ယာယီရဲမှူး အေးမင်းစိုးက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့သည်။

အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)