ကျွန်းလှမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ရာသီ၌ ဘိုယားတမံရေဖြင့် နွေစပါး ဧက ၄၀ ကျော်စိုက်ပျိုးမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ ဘိုယားတမံရေဖြင့် နွေစပါး ဧက ၄၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။