စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ  ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများ အဆင်ပြေစေရန်အတွက်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။  

ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်း‌ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၏ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က အ.ထ.က(ခွဲ) ပိုးစာကုန်းကျောင်းတွင် ကျင်းပသည်။

ကသာမြို့တွင် ၂၀၂၅ တက္ကသိုလ်ဝင်အကြိုစာမေးပွဲ(မြို့နယ်စစ်) ဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်အကြိုစာမေးပွဲ (မြို့နယ်စစ်) အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းတို့တွင် ဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ယနေ့နံနက် (၉)နာရီခွဲအချိန်၌ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂၀၂၄)သို့ တက်ရောက်မည့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄) သို့တက်ရောက်မည့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ တက်ရောက်ကြသည်။

ဘုတလင်မြို့နယ်၌ ဆောင်းသီးနှံ နေကြာ ၁၈,၁၉၅ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာ ၁၈,၀၆၀ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အချိန်အထိ လျာထားဧကထက် ၁၃၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံ ပညာထူးချွန်ဆုပေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အဆိုပါကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၌ ယခုနှစ်နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီးလုပ်ကိုင်ကြရာ ယခုနှစ်နွေရာသီစိုက်ပျိုးသော၊ နွေစပါးစိုက်ခင်းများ အောင်‌မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အရာတော်မြို့၌ Catch-up နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆာဆာကာဝါခန်းမတွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီမှ စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆံပင်ဆံအုပ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆံပင်ဆံအုပ်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟို ဌာန Community Centre ၌ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး