မုံရွာ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် ဆောင်းသီးနှံ နေကြာ ၁၈,၀၆၀ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အချိန်အထိ လျာထားဧကထက် ၁၃၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆောင်းသီးနှံ နေကြာများစိုက်ပျိုးရာတွင် စပ်မျိုး-၁၊ ဆင်းရွှေကြာ၂၊ နေကြာမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ ဆောင်းသီးနှံ နေကြာစိုက်ပျိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ပေးအပ်ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်းနေကြာများကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး စိုက်ပျိုုးခဲ့ရာ ယနေ့အချိန်အထိ ယနေ့အချိန်အထိ ၁၈,၁၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)