ကသာမြို့တွင် ၂၀၂၅ တက္ကသိုလ်ဝင်အကြိုစာမေးပွဲ(မြို့နယ်စစ်) ဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး

ကသာ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်အကြိုစာမေးပွဲ (မြို့နယ်စစ်) အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းတို့တွင် ဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ယနေ့နံနက် (၉)နာရီခွဲအချိန်၌ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအလိုက် တက္ကသိုလ်ဝင်အကြိုစာမေးပွဲ (မြို့နယ်စစ်)ဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

ကသာမြို့တွင်အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအလိုက် တက္ကသိုလ်ဝင်အကြိုစာမေးပွဲ(မြို့နယ်စစ်)ဖြေဆိုခွင့်ရှိသူ ကျောင်းသား(၂၃၁)ဦး၊ ကျောင်းသူ(၃၃၂)ဦး စုစုပေါင်း (၅၆၃)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၀)ဦး၊ ကျောင်းသူ(၇)ဦး စုစုပေါင်း (၁၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်စွာထွန်း(ပြန်/ဆက်)