ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်ကျင်းပ

ဖောင်းပြင် ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်း‌ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၏ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်က အ.ထ.က(ခွဲ) ပိုးစာကုန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က(ခွဲ) ပိုးစာကုန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက " ကြိုဆိုပါသည်စုံညီပွဲတော်ဆီ " သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

အခမ်းအနားတွင် အမှတ်(၁၀)ကွပ်ကဲရေးဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဇောက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က အမှာစကားပြောသည်။ ဆက်လက်ပြီး အ.ထ.က(ခွဲ) ပိုးစာကုန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦးက ကျောင်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ.ထ.က(ခွဲ)ပိုးစာကုန်ကျောင်းမှ ဆရာ၊ ဆရာမများက(၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊‌ ကျောင်းတွင်းအားကစားပြိုင်ပွဲများ၊ ကျောင်းတွင်းစစ် စာမေးပွဲနှင့် အစိုးရစစ်စာမေးပွဲများတွင် ထူးချွန်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေများများနှင့် Grade-12၊ Grade-9၊ Grade-5 ဘာသာရပ်သင် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။ ယင်းနောက် အ.ထ.က(ခွဲ) ပိုးစာကုန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သီချင်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

အဆိုပါပညာရေးစုံညီပွဲတော်အခမ်းအနားသို့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အ.ထ.က(ခွဲ)ပိုးစာကုန်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)