မုံရွာ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့်မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆံပင်ဆံအုပ်ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟို ဌာန Community Centre ၌ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမျိုးသမီးလေးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးတို့ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှသင်ကြားပြသမှုများကို လက်တွေ့စနစ်တကျ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ချောင်းဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒုတိယဦးစီးမှူးဒေါ်အိအိစိုးက ဆံဆင်ဆံအုပ်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆံပင်ဆံအုပ်ပြုလုပ်နည်း သင်တန်းသို့ မုံရွာမြို့ပေါ်ရပ်ကွက်များမှ စိတ်ပါဝင်စားသူ အမျိုးသမီး (၁၆) ဦးတက်ရောက်ခဲ့ပြီး သင်တန်းတွင် ဆံပင်ဆံအုပ်ပြုလုပ်နည်း (၅) မျိုးကို သင်တန်းကာလ (၃) ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)