စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကသာခရိုင်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ကသာမြို့၌ ကျောင်းနေအရွယ်ကလေးများအာ ဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ သူများအား ကျောင်းတွင်းအာဟာရကျွေးမွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက် စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီလ (၁၀) ရက် နံနက်ပိုင်းက အခြေခံပညာကျောင်း (၆) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

မုံရွာတက္ကသိုလ်တွင်(၂၀၂၄-၂၀၂၅) ပညာသင်နှစ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မုံရွာတက္ကသိုလ်တွင်(၂၀၂၄-၂၀၂၅) ပညာသင်နှစ် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်​ဘောလုံးပြိုင်ပွဲများကို (၆.၂.၂၀၂၅)ရက်​နေ့မှစတင်ကာ ရန်ကြီး​အောင်အားကစားခန်းမတွင် ကျင်းပလျက်ရှိ​ကြောင်း သိရသည်။

မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အခြေခံပညာဦးစီးဌာန လစ်လပ်နေရာများအတွက် ရေးဖြေစာမေးပွဲစတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကန့်ဘလူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၌ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် (၂၅) ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် အမျိုးသမီး/အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၉ ရက်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းကွင်း၌ ကျင်းပခဲ့သည်။

ရှေးဟောင်းသမိုင်းဝင်မဟာနန္ဒာကန်အတွင်း သဲနုံးတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ရေဂါလံ(၁၀)သန်းခန့် ထပ်မံသိုလှောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပြည်သူများသောက်သုံးရေ ပိုမိုပေး‌ဝေနိုင်ရန်နှင့် နွေစပါး အောင်ရေပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ မဟာနန္ဒာကန်တော် သဲနုံးတူးဖော်ခြင်း လုပ်ငန်းများကို ၁၆-၁၂-၂၀၂၄ ရက်မှ စတင်၍ ဆည်မြောင်းထိန်းသိမ်းရေးဦးစီးဌာန(ရွှေဘိုမြို့)က အကောင်းအထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဖောင်းပြင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနကြီးမှူး၍ သစ်တော ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကုန်းအောက်တောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဖေဖော်ဝါရီလ (၆)ရက်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး