ရွှေဘို ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲများကို (၆.၂.၂၀၂၅)ရက်နေ့မှစတင်ကာ ရန်ကြီးအောင်အားကစားခန်းမတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင်မြို့နယ် အားကစားနှင့်ကာယဦးစီးဌာန၊ တာဝန်ခံက ပြိုင်ပွဲနှင့်စပ်လျဥ်း၍ စည်းမျဉ်းစည်းကမ်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာ အသင်းပေါင်း(၁၀)သင်း ပါဝင်ယှဥ်ပြိုင်ပြီး ပထမ၊ ဒုတိယ၊ တတိယ စသည့်ဆုရရှိသည့် အသင်းများအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျရောက်မည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)