နာဂဒေသ၊ လဟယ်မြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့မှ ခရစ်ကတ်အားကစားသင်တန်းဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၅ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်သော အခြေခံခရစ်ကတ်သင်တန်းနှင့် နည်းပြ/ဒိုင်သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန် မြို့နယ် ရွှေပြည်သာအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။