လဟယ် မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လဟယ်မြို့တွင် အသက်၂ လမှ ၁၈ လအတွင်းရှိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန် လဟယ်ပြည်သူ့ဆေးရုံခန်းမအတွင်း ထိုးနှံပါသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ အသက်(၂)လမှ (၁၈)လအတွင်းရှိ ကလေးသူငယ်(၆၅)ဦးတို့ကို BGC (၅)မျိုးစပ်ကာကွယ်ဆေး၊ PCV ပိုလီယို၊ ဂျပန်ဦးနှောက်ယောင်ကာကွယ်ဆေးနှင့် ဂျိုက်သိုးကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ (၃၀)ဦးတို့ကို မေးခိုင်ကာကွယ်ဆေးတို့ကို ထိုးနှံပေးကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)