မုံရွာ မတ် ၅
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် (၂၁)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်မြင့်မြင့်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ တိုင်း/ ခရိုင်/ မြိုနယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ နာယက က တိုင်းဒေသကြီးအတွင်း အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းများ (၁)နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များနဲ့ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် “အမျိုးသမီးများဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်အတိုင်း အမျိုးသမီးများရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျရာကဏ္ဍအသီးသီးမှ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌက မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (၂၁)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးအတွေ့အကြုံနှင့် တိုင်း/ ခရိုင်/ မြိုနယ် အမျိုးသမီးရေးရာအဖွဲ့များ၏ ၂ဝ၂၄ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူးက ၂၀၂၅ ခုနှစ်အတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ် (၉)ရပ်အားလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်မြင့်မြင့်အောင်နှင့် အဖွဲ့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် အမျိုးသမီးရေးရာအဖွဲ့များ၏ လုပ်ငန်းများ လှုပ်ရှားဆောင်ရွက်ခဲ့မှုပတ်သက်၍ ပညာရေးလုပ်ငန်းဆောင်ရွက်မှု၊ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု၊ ဥပဒေရေးရာလုပ်ငန်းဆောင်ရွက်မှု၊ ဝင်ငွေတိုးသင်တန်းဖွင့်လှစ်မှု စသည့်ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် အမျိုးသမီးရေးရာအဖွဲ့များ၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံပြဘုတ်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုတို့အား တက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)