လဟယ် မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၅ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်သော အခြေခံခရစ်ကတ်သင်တန်းနှင့် နည်းပြ/ဒိုင်သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန် မြို့နယ် ရွှေပြည်သာအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြာပြီး မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာဦးအောင်ကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ ထောက်ပံ့ပေးအပ်သော နည်းဒိုင်/နည်းပြ သင်တန်းသား၀တ်စုံအင်္ကျီများနှင့် သင်ထောက်ကူပစ္စည်းများကို မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ ဦးထွေးကိုကိုက လဟယ်မြို့နယ် အား/ကာမှူးထံ ပေးအပ်ပါသည်။
အဆိုပါ အခြေခံခရစ်ကတ်သင်တန်းကို သင်တန်းနည်းပြဆရာ(၂)ဦးဖြင့် ဒိုင်နည်းပြသင်တန်းသား (၂၀)ဦး၊ သင်တန်းသား(၅၀)ဦး စုစုပေါင်း (၇၀)ဦးတို့ကို (၃-၃-၂၀၂၅)ရက်မှ (၁၂-၃-၂၀၂၅)ရက်နေ့အထိ ခရစ်ကတ်အခြေခံသင်တန်းနှင့် နည်းပြ/ဒိုင်သင်တန်းများ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံတစ်ဦးထံမှ သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)