မုံရွာမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

မုံရွာ မတ် ၆

မုံရွာမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်ပြန်ကြားရေနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား‌‌ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌကိုယ်စား ခရိုင်ဥပဒေအရာရှိများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဥပ​ဒေရေးရာနှင့်စပ်လျဥ်း၍ ချပြရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ခရိုင်ဥပဒေအရာရှိများနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ ရပ်ကွက်များအတွင်း၊ ကား/ဆိုင်ကယ်ပြုပြင်ရေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်/ကဖေးနှင့်အအေးဆိုင်၊ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လုပ်ငန်းရှင်/ပိုင်ရှင်များ စုစုပေါင်း(၃၀)ဦးခန့်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)