ကန့်ဘလူ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလ၌ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်ရည်ရွယ်၍ အခြေခံပန်းချီသင်တန်း (မူဆင့်) ဖွင့်ပွဲကို ယမန်နေ့က ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမှ သင်ကြားပေးသည်များကို သေချာစွာဂရုတစိုက် လိုက်နာမှတ်သားကြရန် ပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးစိုးမြင့်ဝေ (ပန်းချီစိုးမြင့်ဝေ) ကသင်တန်းတွင်သင် ကြားပေးမည့် အခြေခံပန်းချီသင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံပန်းချီသင်တန်းတွင် မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှကျောင်း သားကျောင်းသူ ၇၀ ဦးခန့်တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၅ ရက်မှ ၁၄ ရက်ထိ စာတွေ့ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)