လဟယ် မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့မှ ကြီးမှူးဖွင့်လှစ်သော အခြေခံခရစ်ကတ်သင်တန်းနှင့် နည်းပြ/ဒိုင်သင်တန်းဖွင့်ပွဲကို ယနေ့ ညနေ(၁၅)နာရီအချိန် မြို့နယ်ရွှေပြည်သာ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာနာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြာပြီး မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာဦးအောင်ကိုကိုက တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ ထောက်ပံ့ပေးအပ်သော ဒိုင်/နည်းပြ သင်တန်းသား၀တ်စုံအင်္ကျီများနှင့် သင်ထောက်ကူပစ္စည်းများကို မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာ ဦးထွေးကိုကိုက လဟယ်မြို့နယ် အား/ကာမှူးထံ ပေးအပ်ပါသည်။
အဆိုပါအခြေခံခရစ်ကတ်သင်တန်းကို သင်တန်းနည်းပြဆရာ(၂)ဦးဖြင့် ဒိုင်နည်းပြသင်တန်းသား(၂၀)ဦး၊ သင်တန်းသား(၅၀)ဦး စုစုပေါင်း(၇၀)ဦးတို့ကို (၃-၃-၂၀၂၅)ရက်မှ (၁၂-၃-၂၀၂၅)ရက်နေ့အထိ ခရစ်ကတ်အခြေခံသင်တန်းနှင့် နည်းပြ/ ဒိုင်သင်တန်းများ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံတစ်ဦးထံမှ သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)