ကသာ မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိ နေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၁၁) ရက်နေ့မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် လူဦးရေ (၂၇၀) ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၅,၄၀၀,၀၀၀)/- ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ကသာမြို့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း (၃၁၀၀) ဦးကျော်ရှိပြီး ယနေ့တွင် (၂၇၀) ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်သည်။ ကျန်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ငွေထောက်ပံ့ပေးအပ်နိုင်ရေး စီစစ်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ကျော်စွာ (ကသာ)