စစ်ကိုင်း မတ် ၅
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးက မိမိတို့ကျောင်းဝင်းအတွင်းနှင့် အနီးဝန်းကျင်နေရာများတွင် လောင်စာအမှိုက်များ ရှင်းလင်းထားရှိရန်၊ လျှပ်စစ်ဝါယာကြိုးများ အမြဲစစ်ဆေးပြီး ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုကြရန်၊ စက်သုံးဆီများ သိုလှောင်ထားရှိခြင်း မပြုလုပ်ကြရန်၊ လုံလောက်သော မီးသတ်ဆေးဘူးများ နေရာအလိုက်ထားရှိကြရန် နှင့် မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများကို ရှင်လင်းဆွေးနွေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်နည်းအဆင့်ဆင့်တို့ကိုလည်းကောင်း၊ ယာဉ်မတော်တဆဖြစ်ပွားပါက ရှေးဦးကယ်ဆယ်နည်းနှင့် မြေငလျင်ကြောင့် အဆောက်အဦီအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုလည်းကောင်း လက်တွေ့ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)