စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူဥယျာဥ်ခြံ၌ သီးနှံသစ်တောရောနှောစိုက်ခင်း(Agro Forestry) ပုံစံဖြင့် မျိုးစေ့ထုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်း
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဥယျာဥ်ခြံဟင်းသီးဟင်း ရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲအောက်ရှိ ကန့်ဘလူဥယျာဥ်ခြံ၌ သရက်စိုက်ခင်းအတွင်း စိုက်ပျိုးထားသော မျိုးစေ့ထုတ် ကြက်သွန်နီ(ရွှေဖလား)သီးနှံများနှင့် ခရမ်းသီး(ညိုလုံးကြီး)သီးနှံ မျိုးကောင်းမျိုးသန့်များကို သီးနှံသစ်တောရောနှောစိုက်ခင်း(Agro Forestry) ပုံစံဖြင့် စိုက်ပျိုးထားပြီး ဒေသတွင်းတောင်သူများ၊ စိုက်ပျိုးရေးဝါသနာပါသူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေးအတွက် မျိုးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်စိုက်ပျိုးထားသော မျိုးစေ့ထုတ်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။