မင်းလှမြို့၌ မြစ်မခသဘာဝရေပြင်အတွင်း ငါးမျိုးကောင်ရေ(၁၃၀၀၀၀) စိုက်ထည့်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးထုတ်လုပ်မှုတိုးတက်စေရန်၊ ငါးသယံဇာတများ ပေါကြွယ်ဝစေရန်နှင့် ငါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ထန်းပင်ကုန်းကျေးရွာအုပ်စု၊ မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း ပြုလုပ်ခဲ့သည်။