အုတ်တွင်း နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ကြိုတင်စီစဥ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ပဲခူးတိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်မြင့်လွင်နှင့်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်း(ခွဲ) ကြက်သွန်ခင်း-၂ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အုတ်တွင်းမြို့နယ်အတွင်း မဲရုံများထားရှိမှုအခြေအနေများအားစစ်ဆေး၍ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်တာဝန်များနှင့် ဆောင်ရွက်ရမည့်အခြေအနေများအားတွေ့ဆုံ၍ မေးမြန်းခဲ့ရာမဲရုံမှူးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက်ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ပဲခူးတိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်မြင့်လွင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းအချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီပူးပေါင်းဆောင်ရွက်သွားကြရန်၊ မဲရုံလုံခြုံလုံမှုရှိစေရေးအတွက်မှာကြားခဲ့ကြောင်းနှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၁၆)ရုံရှိပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)