ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် မိုးမြေပဲ (၁၅၃၄၃)ဧက ရိတ်သိမ်းပြီး (၁၀၉၁၁၉၄ )တင်းထွက်ရှိ

ပေါက်ခေါင်း နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကိုလျာထားချက်ပြည့်မှီစွာစိုက်ပျိုးနိုင်ခဲ့ပြီး ဧက(၁၅၃၄၃)ဧက ရိတ်သိမ်းပြီးဖြစ်၍ (၁၀၉၁၁၉၄) တင်း ထွက်ရှိ​ကြောင်း သိရသည်။

ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဧကပေါင်း (၁၅၃၄၃)ဧက လျာထားစိုက်ပျိုးပြီးစီးပြီဖြစ်၍ ဧကကုန်ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကအထွက်နှုန်း (၇၁.၁၂)ရာခိုင်နှုန်းဖြင့်  (၁၀၉၁၁၉၄)တင်း ထွက်ရှိရာ ယခင်နှစ်ကထပ် အထွက်နှုန်းကောင်းမွန်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးမြေပဲအထွက်နှုန်းကောင်းခြင်းဖြင့် ဒေသတွင်းစားသုံးဆီထုတ်လုပ်မှု ပိုမိုအဆင်ပြေစေပြီး ထိုသို့အထွက်နှုန်းကောင်းမွန်သော မြေပဲမျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် မြေပဲစိုက်ပျိုးရာတွင် ထိရောက်လွယ်ကူအဆင်ပြေစေသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အထူးအလေးပေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)