သာယာဝတီမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေး

သာယာဝတီ နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကြိုတင်ဆန္ဒမဲပေးခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကြီးကြပ်မှု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စီစဉ်ဆောင်ရွက်ပေးခဲ့ရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များရှေ့တွင် ယာယီနေရပ်စွန့်ခွာနေရသူပြည်သူများက လွတ်လပ်စွာကြိုတင်ဆန္ဒမဲပေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ၂၆ ရ‌က်နေ့မှစတင်ကာ မဲပေးခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်