ပေါင်းတည် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ နေရပ်စွန့်ခွါ နေထိုင်လျက်ရှိသော မဲပေးခွင့်ရှိသူနေရပ်စွန့်ခွါပြည်သူများသည် ယမန်နေ့နံနက်ပိုင်းမှစ၍ ပေါင်းတည်မြို့နယ် ကြိုတင်မဲရုံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ဆန္ဒပြုမဲလက်မှတ်များဖြင့် ကြိုတင်မဲများ ပေးလျက်ရှိသည်။
အဆိုပါ နေရပ်စွန့်ခွါပြည်သူများ လွတ်လပ်စွာကြိုတင်မဲပေးနိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပေါင်းတည်မြို့နယ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ဗန်းမော်မြို့နယ်၊ သံတွဲမြို့နယ်၊ မင်းလှမြို့နယ်နှင့် နတ်တလင်းမြို့နယ်များမှ နေရပ်စွန့်ခွာသူများ လာရောက်ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD)