ရေတာရှည်မြို့နယ်၌ (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။