ကျောက်တံခါးမြို့နယ်၌ မြို့နယ်ပြင်ပရောက် ယာယီတိုက်ပွဲရှောင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေး

ကျောက်တံခါး နိုဝင်ဘာ ၂၇

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပဖြစ်သည့် မြို့နယ်ပြင်ပရောက် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှစတင်၍ ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြို့နယ်ပြင်ပရောက် ယာယီတိုက်ပွဲရှောင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နေနွယ်လင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)