၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသော အခါ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသော မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများစာရင်းကို သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် စက်တင် ဘာလ ၃၀ ရက်နေ့မှစ၍ကပ်ထား ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။