ကြို့ပင်ကောက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ကြို့ပင်ကောက် နိုဝင်ဘာ ၂၇

ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အ.ထ.က (ခွဲ) ကျွန်းကုန်းကြီးကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန် အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ကိုယ်ကာယကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို အသင်းငါးသင်းခွဲကာ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးဇော်မျိုးထက်တို့က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ဇေယျာထွန်း (ပြန်/ဆက်)