ရေတာရှည် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ပဲခူးတိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်မြင့်လွင်နှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုနှင့် မဲရုံထားရှိမှုများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ပဲခူးတိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်မြင့်လွင် ဦးဆောင်သည့်အဖွဲ့သည် သပြေတန်းအလက(ခွဲ)၊ ဆွာ (တောင်) အ.ထ.က ကျောင်းတို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲရုံထားရှိမှုအခြေအနေများအား စစ်ဆေးပြီး ပြည်သူများ မဲစာရင်းမှန်/မမှန် ပါ/မပါ ကြည့်ရှု၍ ဆန္ဒမဲပေးနိုင်ရေး၊ သေဆုံးစာရင်းများ မဲအမည်စာရင်းမှ ပယ်ဖျက်နိုင်ရေး၊ ယာယီနေရပ်စွန့်ခွာသူများ မဲပေးနိုင်ရေး စသည့်အချက်အလက်များ မှန်ကန်မှုရှိစေရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)