ရွှေတောင်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ယမန်နေ့မှစ၍ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်ဆန္ဒမဲပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များက  မဲစာရင်းပါရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူ ကျား(၆၀) ဦး၊ မ (၉၅) ဦး စုစုပေါင်း (၁၅၅) ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း  သိရသည်။

ကိုကိုမင်း ပြန်/ဆက်