ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။