ပြည် နိုဝင်ဘာ ၂၈
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ် ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ဦးစွာ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လစဉ်စာဖတ်ဝိုင်းပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားပြီး ဆုံစည်းရာ စာဖတ်ဝိုင်းBook Club အဖွဲ့ နာယက စာရေးဆရာ ဆရာတော်ပြည်လေးဘုန်းက မုဒိတာစကားပြောကြားသည်။
ထို့နောက် ဆုံစည်းရာ Book Club အဖွဲ့ဝင် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက ၎င်းတို့ဖတ်ရှုလေ့လာမှတ်သားထားသော သုတ/ရသ၊ ကဗျာစာပေအကြောင်းများနှင့် ပြည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)