ပေါင်းတည် နိုဝင်ဘာ ၂၉
ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ပေါင်းတည်အချုပ်ထောင်၊ ဧည့်ရိပ်သာ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီအချိန်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၁၂/၂၀၂၅)ဖြင့် ထုတ်ပြန်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၅ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒပုဒ်မ- ၄၀၁၊ ပုဒ်မခွဲ (၁)အရ ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ ရဲမှူးမြင့်ဇော်နိုင်၊ ပေါင်းတည်အချုပ်ထောင်တာဝန်ခံ အကျဉ်းဦးစီးမှူး ဦးစိုင်းခမ်းမောင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စုံစမ်းရေးမှူး ဦးမြတ်စိုးဦး၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူဝင်းနှင့် အချုပ်ထောင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသားများအား တာဝန်ရှိသူများက ဆုံးမသြဝါဒစကားများပြောကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ၎င်းတို့၏ မိသားစုများရှိရာ နေရပ်အသီးသီးသို့ စေလွှတ်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)